ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် (၁၁-၇-၂၀၂၃) ရက်နေ့တွင် အ.မ.က ရေတွင်းကုန်းကျောင်း၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူကြီး(ကျား)(၃)ဦး၊ လူကြီး(မ)(၁၄)ဦး၊ ကလေး(ကျား)(၆၄)ဦး၊ ကလေး(မ)(၇၅)ဦး၊ စုစုပေါင်း (၁၅၆)ဦး အား ဆေးကုသပေးခဲ့ပါ ကြောင်းနှင့် မိုးရာသီ၌ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၃၄)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။