ကရင်ပြည်နယ် ခုတင်(၅၀)ဆံ ဘားအံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွေဦးခင်နှင့် အထက်တန်းသူနာပြု ဒေါ်နန်းမင်းမင်းအေး တို့သည် (၅.၇.၂၀၂၃)ရက်နေ့တွင် အ.မ.က (၇) ကျောင်း၌ ကျန်းမာရေး ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာ လူကြီးကျား (၄၁) လူကြီးမ (၃၂)ဦး စုစုပေါင်း(၇၃)ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။