the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး(အ​ရှေ့ခြမ်း) ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းတို့သည် ၆-၇-၂၀၂၃ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အလက (ခွဲ)မကျည်းတန်းကျောင်း၌ ကျောင်းကျန်းမာရေးအတွက် ကျောင်းသား/ ကျောင်းသူ (၆၀)ဦးအား စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး လ/ထတိုင်းရင်း​ဆေးမှူး ​ဒေါ်​အေးသူသူဝင်းမှ မိုးရာသီတွင်ဖြစ်တတ် သော​ရောဂါများအ​ကြောင်းကို ကျောင်းသား/​ကျောင်းသူ ( ၂၃ )ဦးအား တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်