ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ 5.7.2023 ရက်နေ့ နံနက်၉.၀၀နာရီတွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်သန့်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိူင်နှင့်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေနှင်း၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေသီမွန်တို့ပူးပေါင်း၍ ရေတာရှည်မြို့. ကျားဆင်သာမဏေကျော်စာသင်တိုက်သို့ သွားရောက်ကာ သံဃာတော်အရှင်သူမြတ်(၃၃)ပါးအား ကျန်းမာရေးစောင့်ရှေက်မှူပေးခြင်းနှင့် သံဃာတော်အရှင်သူမြတ်(၂၂)ပါးအား မိုးရာသီတွင် ဖြစ်တက်သော အအေးမိဖျားနာခြင်း အကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရသည်။