ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လ/ထ တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ၄-၇-၂၀၂၃ ရက်နေ့တွင် “မိုးရာသီတွင်ဖြစ်ပွါးတတ်သောရောဂါများအကြောင်း” ကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး Talk Show ပြောကြားခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။