ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲကို ၂၉-၆-၂၀၂၃ ရက်နေ့မှ ၁-၇-၂၀၂၃ ရက်နေ့အထိ ကျင်းပရာတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ အရောင်းပြခန်းအတွင်း ဒေသတွင်း တိုင်းရင်းဆေးဝါးထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။