the republic of the union of myanmar

ministry of health

Department of Traditional Medicine

“တိုင်းရင်းဆေးပညာဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခြေခံ တိုင်းရင်းဆေးပညာပေးသင်တန်းများပို့ချနိုင်ရန်သင်တန်း “Training Of Trainers (TOT)” ဖွင့်လှစ်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ “တိုင်းရင်းဆေးပညာဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းများ ပို့ချနိုင်ရန်သင်တန်း “Training Of Trainers (TOT)” ဖွင့်ပွဲအခမ်းအနားကို ရုံးအမှတ်(၄၇)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်၌ ၂၃-၆-၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းကကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ်ကြီးများ၊ စက်ရုံမှူး၊ တိုင်းရင်းဆေးဝါး စက်ရုံ(မန္တလေး)တို့မှ တာဝန်ရှိသူများက In Person & Virtual  ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင်  သဘာပတိ ညွှန်ကြားရေးမှူးချုပ် ဆရာမကြီး ဒေါက်တာစုစုဒွေးက ပြည်သူလူထုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းများ ပို့ချရာတွင် စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားကာ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာ ဦးသန်းညွန့်က သင်တန်းပို့ချပေးခဲ့ပါပြီး အဆိုပါ သင်တန်းသို့ တက်ရောက်သူ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ