the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ဆက်လက် ကျင်းပ

တိုင်းရင်းဆေးပညာဦးစီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၃-၆-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၇)၌ ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ တိုင်းရင်းဆေး တက္ကသိုလ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီးများ၊ စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး)နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ လူကိုယ်တိုင်မတက်ရောက်နိုင်သူများမှ online virtual meeting ဖြင့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ