ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၁.၆.၂၀၂၃)ရက်နေ့တွင် ဗဟန်း မြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်အတွင်းရှိ အောင်မြေသုခဘုန်းတော်ကြီး စာသင်ကျောင်း၌ မိုးရာသီတွင် ဖြစ်ပွါးတတ်သောရောဂါများအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း နှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လူနာ ကျား (၇၀)ဦး၊ မ(၈၈) စုစုပေါင်း(၁၅၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။