ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၆.၆.၂၀၂၃ ရက်နေ့ သောကြာနေ့ နံနက် (၁၀:၀၀)နာရီမှ နေ့လယ် (၁:၃၀) နာရီအချိန်ထိ တံတားမြို့၊တာပတ်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၂၀)ဦးအား တိုင်းရင်းဆေးဝါး ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ သိကောင်းစရာအချက်များအကြောင်း ကျန်းမာရေးအ သိပညာပေးဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၆)ဦး၊ အမျိုးသမီးလူနာ(၂၅)ဦးနှင့် ကလေးလူနာ(ကျား) - (၂)ဦး စုစုပေါင်းလူနာ (၃၃)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်။