the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ (၁၆.၆.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဌာနမှ ကထိက ဒေါ်သန္တာစိုးသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြှင့်စက်ချုပ်သင်တန်း (၂/၂၀၂၃) ကျောင်းသူ (၁၃) ဦးကို ‌မြန်မာ့ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းကောင်းများ၊ ဆေးဖက်ဝင်ကြပ်ထုပ်အကြောင်းသိကောင်းစရာအချက်များနှင့် အိမ်တွင်းသုံးမြစ်ချင်းပြီး တိုင်းရင်းဆေးနည်းများအကြောင်းကို အပြန်အလှန် ဆွေးနွေးပြီးအသိပညာပေးဟောပြောခဲ့ပါကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်