the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် တိုင်းရင်းဆေးရုံကြီး၏ ပြင်ပလူနာဌာနခွဲဖွင့်လှစ်နိုင်ရေးကို အကြိုလှုပ်ရှားမှုအနေဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း

          အဆိုပါကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပြီး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန်အတွက် ပျဉ်မနား-တောင်ညိုလမ်းပေါ်ရှိ အမျိုးသားပရဆေးဥယျာဉ်တွင် ဖွင့်လှစ်မည့် နေပြည်တော် တိုင်းရင်းဆေးရုံကြီး၏ ပြင်ပလူနာဌာနခွဲတွင်လည်း ဆက်လက်ပြသကုသမှုခံယူနိုင်ကြောင်း လမ်းညွှန်စာအုပ်နှင့်အတူအသိပေး ပြောကြားခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် အရိုအဆစ်ရောဂါဝေဒနာရှင်များ၊ ဖျားနာကိုက်ခဲဝေဒနာရှင်များ၊ နှလုံးအားနည်းခြင်း၊ မူး၊ မော၊ ရင်တုန်ရောဂါဝေဒနာရှင်များနှင့် အထွေထွေရောဂါဝေဒနာရှင်များ လာရောက်ကုသမှုခံယူကြပြီး အမျိုးသားလူနာ(၃၇)ဦးနှင့် အမျိုးသမီးလူနာ(၈၄)ဦး စုစုပေါင်း (၁၂၁)ဦးကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည်။ ထို့အပြင့် ဆေးရုံတက်ရောက်ကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များအား နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူရန် အသိပေးပြောကြားခဲ့ပြီး ကွင်းဆေးကုသခြင်းကို နေ့လယ် (၂:၀၀)နာရီတွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ