ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၀.၆.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်ဝက်ထီးကန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေထွန်းသည် ဝက်ထီးကန်မြို့သံဘိုရပ်ကွက်၌ ကွင်းဆင်းဆေးကုသရာ လူနာ ကျား(၅)ဉီး မ(၁၅)ဦး စုစုပေါင်း (၂၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။