the republic of the union of myanmar

ministry of health

Department of Traditional Medicine

အကြောပညာသင်တန်း ၁/၂၀၁၇ (၂၁-၂-၂၀၁၇) ရက်နေ့မှ (၇-၃-၂၀၁၇)ရက်နေ့အထိ (တိုင်းရင်းဆေးရုံ မန္တလေး)

အကြောပညာသင်တန်း(၁/၂၀၁၇)ကို    (၂၁-၂-၂၀၁၇) ရက်နေ့မှ (၇-၃-၂၀၁၇) ရက်နေ့အထိ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ မန္တလေး၌ ဖွင့်လှစ် ပို့ချခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းဆရာ အဖြစ် ဦးမြင့်အောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)မှ သင်ကြား ပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ မြို့နယ် တိုင်းရင်းဆေးခန်းမှူး၊ ဒုတိယ တိုင်းရင်းဆေးမှူးနှင့် လ/ထ တိုင်းရင်းဆေးမှူးများ သင်တန်းသား၊ သင်တန်းသူဦးရေ စုစုပေါင်း(၂၄)ဦး တက်ရောက် ခဲ့ပါသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။   အဆိုပါ သင်တန်းတွင် (၁၆) ခုတင်ဆံ့ မြင်းမူတိုင်းရင်းဆေးရုံမှ လ/ထ တိုင်းရင်းဆေးမှူး၊ ဒေါ်သူဇာနွယ်က အမှတ် အများဆုံးဖြင့် အောင်မြင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့