the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

အဆိုပါဆေးကုသမှုကို ရေတိမ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ပြီး ပထမဦးစွာ ဒေသခံရွာသူ ရွာသား (၂၇)ဦးတို့အား ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ဝေဝေနိူင်မှ မိုးရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း ဟောပြောပြီး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ပါသည်။

ဆက်လက်ပြီး တိုင်းရင်းဆေးပညာဖြင့် ဒူးနာ၊ ခါးနာ၊ကျီးပေါင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ မီးယပ်ရောဂါ လူနာ ကျား (၁၅)ဦး မ (၃၈)ဦး စုစုပေါင်း (၅၃)ဦးတို့အား သောက်ဆေး လိမ်းဆေးပေးခြင်း ဆေးစည်း ဆေးကပ်ပေးခြင်း ဆောင်ရန်ရှောင်ရန်တို့အား ပြောကြားခြင်းဖြင့် အခမဲ့ ဆေးကုသပေးခဲ့ပါသည်။

အဆိုပါကွင်းဆင်းဆေးကုသမှုအတွက် လိုအပ်သော တိုင်းရင်းဆေးများ နှင့် ပတ်တီး၊ တိတ်၊ လက်အိတ်တို့အား မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ