the republic of the union of myanmar

ministry of health

Department of Traditional Medicine

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်း၌ ၂၉-၅-၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးအထူးကုဆေးအဖွဲ့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူး (ကုသရေး) ၊ ပြည်နယ်တိုင်းရင်းဆေး ဦးစီးဌာနမှူး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းဆရာ/ဆရာမများ  ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာဦးရေ(၆၇)ဦး ကိုကုသမှုပေးခဲ့ပါသည်။

အဆိုပါ  ဆေးကုသမှု ဆောင်ရွက်နေစဥ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့ လာရောက် ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးပေးခန်းသို့လာရောက်၍ ဝိသမအဖျားပျောက်ဆေးကို စိတ်ဝင်တစားကြည့်ရှုမေးမြန်းကာ အစားအသောက်များဝေငှပေးခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ