ဒေသနာနယသင်တန်းနှင့်အကြောပညာသင်တန်း (၁/၂၀၁၇)ကို (၆-၃-၂၀၁၇) ရက်နေ့မှ (၆-၄-၂၀၁၇) ရက်နေ့အထိ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ဖွင့်လှစ်ပို့ချခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းဆရာ အဖြစ် တိုင်းရင်းဆေးကောင်စီဝင် ဆရာဦးသောင်းလွင်၊ မြန်မာ့ တိုင်းရင်းဆေးဆရာကြီး ဦးသောင်းနိုင်၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါ်မြမြဝင်းနှင့် တိုင်းရင်းဆေးမှူး ဦးတင့်လွင် တို့က သင်ကြားပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ် တိုင်းရင်းဆေးခန်းမှူး၊ ဒုတိယ တိုင်းရင်း ဆေးမှူးနှင့် လ/ထ တိုင်းရင်း ဆေးမှူးများ သင်တန်းသား၊ သင်တန်းသူ ဦးရေ စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ခုတင်(၅၀) ဆံ့ ပဲခူးတိုင်းရင်းဆေးရုံ မှ ဒုတိယ တိုင်းရင်းဆေးမှူး၊ ဒေါ်မေသူဝင်းက အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ပါသည်။