ပဲခူးတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့သည် ၂၄-၅-၂၀၂၃ ရက်နေ့တွင် စန္ဒါသိင်္ဂီသီလရှင်စာသင်တိုက်၌ ဖြူးတိုင်းရင်းဆေးရုံမှ သီလရှင်ဆရာလေးများနှင့် ရပ်ကွက်နေပြည်သူများအား မီးယပ်ချုပ်ရောဂါအကြောင်းဟောပြောခဲ့ပြီး မ(၂၅)ဦးနှင့် ကျား(၅)ဦးတို့ စုစုပေါင်း (၃၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။