အဆိုပါအခမ်းအနားတွင် သွေးဆုံးမီးယပ်ရောဂါစာတမ်းကို မြဝတီမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးမင်းသူ ပြုစုရေးသား၍ ခုတင်၅၀ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နိုင်နိုင်ဝင်းမှ ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့် ပတ်သက်သည့် သိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါသည်။
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးရုံနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆရာ/ဆရာမ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။