ပဲခူးတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်သူဇာမြင့်နှင့် အငယ်တန်းစာရေးဒေါ်ဝေမာလွင်သန်းတို့ပါဝင်သောအဖွဲ့သည် ပြည်မြို့ ရွှေဟင်္သာ အနောက်ပေါက်ရှိ ကွမ်းလောင်းဓမ္မရိပ်သာမှ သံဃာ (၁)ပါးနှင့် သီလရှင်(၁၄)ပါး စုစုပေါင်း (၁၅)ပါး တို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရှိရသည်၊၊
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။