ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၈.၅.၂ဝ၂၃ ရက်နေ့တွင် ကမာကဆစ်ရပ်ကွက် အလယ်ကျောင်းပရိယတ္တိ စာသင်တိုက်၌ သံဃာတော်များနှင့် သီလဆောက်တည်သော ဥပုသ်သည်များကို အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးအန္တရာယ်နှင့် အပူငြိမ်းစေသော အစားအစာများကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ လူကြီး(ကျား) - ၄၆ ဦး ၊ လူကြီး(မ) - ၁၈ ဦး၊ စုစုပေါင်း ( ၆၄ ) ဦး အား အခမဲ့ ဆေးကုသပေးခဲ့ပြီး ကွင်းဆင်းဆေးကုသမှုတွင် အဖြစ်အများဆုံးကုသပေးခဲ့သော ရောဂါများမှာ ဒူးနာ ၊ ခါးနာ ၊ ဇက်နာ ၊ ကိုယ်လက်ကိုက်ခဲအကြောတက်၊ ကျီးပေါင်းရောဂါအမျိုးမျိုးနှင့် သွေးတိုးရောဂါများ ဖြစ်ကြောင်းတွေ့ရှိရကြောင်းနှင့် အဆိုပါနေရာ၌ပင် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးအန္တရာယ်နှင့် အပူငြိမ်းစေသော အစားအစာများကို တိုင်းရင်းဆေးပညာဖြင့် ဟောပြောခဲ့ပါကြောင်း သိရှိရသည်။