ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာန မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ၃၀-၃-၂၀၂၃ ရက်နေ့ နံနက် (၇)နာရီမှ (၁၀)နာရီထိ ပြည်မြို့နယ် ထန်းပေါက်အုပ်စု ငါးရွာကျေးရွာ၌ ပြည်ခရိုင် အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့နှင့်အတူ သွားရောက်ပြီး တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ ဒေသပေါက်ဆေးပင်များအကြောင်း ပညာပေးဟောပြောခဲ့ရာတွင် စုစုပေါင်းဦးရေ ကျား(၅)ဦး၊ မ(၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါ နေရာ၌ တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသခဲ့ရာတွင် ဆေးကုသခံဦးရေ ကျား(၄)ဦး မ(၁၉)ဦး ရှိပါကြောင်းနှင့် နေ့လယ်ပိုင်းတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ၌ တိုင်းရင်းဆေး ကုသခန်းဖွင့်လျက်ရှိကြောင်းသိရှိရပါသည်။