ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၂၇ / ၂၀၁၇)
စာအမှတ်၊ တဆပ/ ဆေးဝါး-မှတ်/၂၀၁၇ ( ၁၁၃၁ )
ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ မတ် လ ၂၄ ရက်
အကြောင်းအရာ။ ။တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) နှင့် ပတ်သက်၍ လိုအပ်ချက်စာရင်းထုတ်ပြန် ကြော်ငြာခြင်း
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင် (သက်တမ်းတိုး) ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေး အဖွဲ့အစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်အရ လိုအပ်ချက်စာရင်း- (၂၁)စောင်ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ လိုအပ်ချက်များပေးပို့ခြင်းကို ဤစာထုတ်ပြန်သည့်နေ့မှ (၃)လ အတွင်း သက်ဆိုင်ရာ လိုအပ်ချက် များကို ပေးပို့ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာ၊ ဆေးဘူး/ထုပ် နမူနာများ၊ အခြားလိုအပ်ချက်များနှင့်အတူ စာဖြင့်ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်))
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)
- ပြည်နယ်/ တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့
ဆက်လက်အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
- ရုံးလက်ခံ /မျှောစာတွဲ