သဘာပတိအဖြစ် ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဉီးအောင်ပွင့်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်အဖြစ် ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာဦးစောအောင်တင်ငြိမ်း က ဆောင်ရွက်ပါသည်။ အခမ်းအနားမှူးအဖြစ် ခုတင်(၅၀)ဆံ့ ဘားအံ့တိုင်းရင်းဆေးရုံမှ သူနာပြု (၃) ဒေါ်နန်းနွယ်လွင် က ဆောင်ရွက်ပါသည်။ သွေးတိုးရောဂါစာတမ်းကို ကြာအင်းဆိပ်ကြီးမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်သင်းက ဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး အကြံပြု ဖြေကြားခြင်းနှင့် အတွေ့ အကြုံများကို မျှဝေဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။