အဆိုပါ အခမ်းအနားတွင် လပွတ္တာခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ငွေ၊ မြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်တို့မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများကို မော်လမြိုင်ကျွန်းမြို့နယ် ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်ရွှေနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဆင့်တို့မှ လက်ခံခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ (၂၈.၃.၂၀၂၃)ရက်နေ့မှ (၁.၄.၂၀၂၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းသိရှိရသည်။