the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ (၄၈)ကြိမ်မြောက် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါ စာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခြင်း

အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဦးမြင့်ဦးက ဆောင်ရွက်ပြီး စာတမ်းကြီးကြပ်သူအဖြစ် နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်း တိုင်းရင်းဆေးမှူး ဦးစောမြတ်ဘုန်းကြွယ်က ဆောင်ရွက်ပြီး "သွေးတိုးရောဂါ" စာတမ်းကို ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ  တိုင်းရင်းဆေးမှူး ဦးခင်မောင်ရင် က ဖတ်ကြား တင်ပြခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(နေပြည်တော်)မှ ဆရာ/ဆရာမများ၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးပြီးနောက် ညနေ ၄:၃၀ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း