ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် (၁၇.၃.၂၀၂၃) ရက်နေ့ နေ့လည်၁၂း၀၀နာရီ မှ ညနေ၃း၀၀နာရီ အချိန်ထိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် သံဃာတော်(၅၀)ပါးအား နွေရာသီတွင်ဖြစ်တက်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များအကြောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး သံဃာတော်(၄၆)ပါးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။