၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ရက် နေ့လယ် (၂ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ဆရာကြီး ဦးတင်သိန်းနှင့် အလုပ်အမှု့ဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ဆရာကြီး ဦးသိန်းဇော် တို့က ဆောင်ရွက်ကာ အခမ်းအနားမှူးများ အဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးရန်ကုန်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေကေခိုင်ဦး တို့ကဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ သန်လျင်မြို့နယ်မှ စာတမ်းရှင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းက သွေးတိုးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ(၂၁)ဦး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး(၆)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ(၄)ဦး၊ တိုင်းရင်း ဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၂၆)ဦး စုစုပေါင်း(၅၇)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) က ချီးမြှင့်ငွေကျပ်(၁ဝဝဝဝဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) က ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/) နှင့် ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) က ချီးမြှင့်ငွေကျပ် (၅ဝဝဝဝိ/)တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) က ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ(၄ : ၀၀)နာရီတွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။