ရခိုင်ပြည်နယ် ကျောက်တော်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဦးဗိုလ်စံသိန်း ဒုတိယ တိုင်းရင်းဆေးမှူးနှင့် အဖွဲ့သည် (၁၈-၃-၂၀၂၃)ရက်နေ့တွင် ပိနဲချောင်းကျေးရွာရှိ ပြည်သူလူထု ကျား(လူကြီး -၁၂)ဦး၊ မ(၃၅)ဦး (ကျား-ကလေး-၄)ဦး လူနာစုစုပေါင်း(၅၁)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်းပညာပေး ဟောပြောခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။