ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် ၁၈.၃.၂၀၂၃ ရက်နေ့တွင် ပညာ့မြဂ့်ဇူဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆေးကုသမှုပေးရာတွင် ကိုရင် (၃၁)ပါး ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းဟောပြောခဲ့ပြီး တက်ရောက်သူဦးရေ စုစုပေါင်း (၄၀)ဦး ရှိပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။