the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME သွေးတိုးရောဂါ စာတမ်းခေါင်းစဉ်ဖြင့် ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ ၁၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်  CTME သွေးတိုးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

သဘာပတိအဖြစ် ခုတင်(၅၀)ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ အငြိမ်းစားတိုင်းရင်းဆေးဆရာကြီး ဦးလှစည်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပြည်တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်သူ ကဆောင်ရွက်ပါသည်။ သွေးတိုးရောဂါစာတမ်းကို ပေါင်းတည်မြို့  (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ  ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်မှ ဖတ်ကြားခဲ့ပါသည်။ 

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး အကြံပြု ဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ