ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေူမှူး ဒေါ်ဌေးဌေးနွယ် သည် ၁၈.၃.၂၀၂၃ ရက်နေ့တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့်လိုက်ပါ၍ နောင်လုံအရှေ့မြ ပြည်ကျေးရွာတွင် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာတွင် လူနာ ကျား(၁၂) ဦး၊ မ (၂၃) ဦး စုစုပေါင်း (၃၅) ဦး အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။