the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၇.၃.၂၀၂၃ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီမှ ညနေ(၀၃း၀၀) နာရီအချိန်ထိ မြို့ဦးပရိယတ္တိ စာသင်တိုက်၌ သံဃာတော်( ၅၀ ) ပါးအား နွေရာသီတွင်ဖြစ်တက်သော ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်များ အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး သံဃာတော်(၄၆)ပါးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ပေးခဲ့ပါကြောင်းသိရှိရပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ