the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ တောင်ကြီး(အေးသာယာ)မှ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါ စာတမ်းခေါင်းစဉ်ဖြင့် ကျင်းပခြင်း

ရှမ်းပြည်နယ်၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံတောင်ကြီး(အေးသာယာ)မှ  ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ တောင်ကြီး(အေးသာယာ)တွင်  ၁၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ်  CTME သွေးတိုးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

သွေးတိုးရောဂါစာတမ်းကို ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာတိုင်းရင်းဆေးရုံအုပ် (အငြိမ်းစား) ဆရာမကြီးဒေါ်အေးအေးသိန်းမှဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ်  ဒုတိယတိုင်းရင်းဆေးမှူး​ဒေါ်သိင်္ဂီမြင့်မှ ဆောင်ရွက်ပါသည်။ ရှမ်းပြည်နယ်၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတောင်ကြီး(အေးသာယာ)မှ  ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်စောစန္ဒာဦးက သွေးတိုးရောဂါစာတမ်းဖတ်ကြားခဲ့ပါသည်။  

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး အကြံပြု ဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ