ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တိုင်းရင်းဆေးကုဌာနမှ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေသည် ၁၅.၃..၂၀၂၃ ရက်နေ့တွင် ရမ္မာဝတီ ဘိုးဘွားရိပ်သာ၌ ကျား (၆)ဦး၊ မ (၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။