the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၁၇) ၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်စာရင်း ထုတ်ပြန်ခြင်း။ ကြော်ငြာစာအမှတ် ( ၁၉ /၂၀၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ် ( ၁၉ /၂၀၁၇)

 

                                                                   စာအမှတ်၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၇(၁၀၂၈)

                                                                   ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ မတ်လ     ၂၀         ရက်

 

 

အကြောင်းအရာ။           ။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၁၇) ၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်စာရင်း ထုတ်ပြန်ခြင်း။

 

၁။      ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ၏ (၂၄-၁-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ် သောအစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) ဆုံးဖြတ်ချက်အရ  တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)-(၁၁၅)စောင် ၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

 

၂။      ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။

 

၃။      ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပိုင်ရှင် (သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာ၊ ပြင်ဆင်ပြီး တံဆိပ်(၁၂)စုံ၊ အခြားလိုအပ်ချက်များနှင့်အတူ စာဖြင့်ပြန်လည် ပေးပို့ ရမည် ဖြစ်ပါသည်။

 

                                                                                               

 

                                                                                ဥက္ကဌ(ကိုယ်စား)

                                                                 (ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)

                                                              ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ

 

မိတ္တူကို-

          ၁။ ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

          ၂။ ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန

          ၃။ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)

          ၄။ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ 

             ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)

          ၅။ ရုံးလက်ခံ/မျှောစာတွဲ

 

ပူးတွဲအပြည့်အစုံဖတ်ရှူပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့