ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၅.၃.၂၀၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀နာရီမှ နေ့လယ် ၁:၀၀နာရီအချိန်ထိ ကဒပ္ပနကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေး(၂၀)ဦးအား သွေးတိုးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး အမျိုးသားလူနာ(၅)ဦး၊ အမျိုးသမီးလူနာ(၂၁)ဦး စုစုပေါင်းလူနာ (၂၆)ဦးအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။