the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနှင့်မြိတ်ခရိုင်တိုင်းရင်းဆေးဆရာ အသင်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါ စာတမ်းခေါင်းစဉ်ဖြင့် ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနှင့်မြိတ်ခရိုင်တိုင်းရင်းဆေးဆရာ အသင်းတို့ ပူးပေါင်း၍ မြိတ်(25)ခုတင်ဆေးရုံတွင်  ၁-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်  CTME သွေးတိုးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ သွေးတိုးရောဂါ စာတမ်းကို မြိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူက  ဖတ်ကြားတင်ပြခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူများ စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်း၊ ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးပြီးနောက် အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသိရှိရပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ