the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းပြားမြို့နယ် ပုဣားကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်  တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမူး ဉီးဇော်ရဲအောင် သည် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်ရှိ လူနာ ကျား(၁၁)ဉီး မ(၉) ဦး စုစုပေါင်း(၂၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း ပညာပေးဟောပြောခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

ရခိုင်​​ပြည်နယ် မင်းပြားမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိူင်းရင်းဆေးမူး ဒေါ်မေမျိူးမြတ်  သည် ဦးစိုးတင့်ရပ်ကွက်ရှိ အခြေခံမူလွန်ကျောင်း၌ ကျောင်းသား(၂၂)ဦး ကျောင်းသူ(၂၃)ဦး စုစုပေါင်း(၄၅)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်း ဆေးကုသခြင်းပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ် ပုဣားကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးစန်းသည် ၂၀၂၃ ခုနှစ် မတ်လ (၂) ရက်နေ့မှ (၄) ရက်နေ့တို့တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်းပြီး လောကမာရစိန်ဘုရားရှေ့၌ လူနာ ကျား(၃၀)ဦး၊  မ(၄၅)ဦး စုစုပေါင်း(၇၅)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း ပြုလုပ်ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ