ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ (၉-၃-၂၀၂၃)ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃)ဦး တို့နှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦးတို့ပူးပေါင်း၍ ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ လူနာဦးရေ ကျား (၁၁)ဦး၊ မ (၁၄)ဦး စုစုပေါင်း (၂၅)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။