the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ၂၀၂၃ အား ကြိုဆိုဂုဏ်ပြု

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ 2023 အား  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ကွင်းဆင်း ဆေးကုသရေးအဖွဲ့ က 8.3.2023တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ၊ အထက်ခမတ်စံပြကျေးရွာတွင် ပြည်သူ ၂၄၂ ဦး အား အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ကြသည်။

ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့ျရှောကျပေးခွငျးအပွငျ ကျေးရွှာရှိ အောင်သာသီရိကျောင်းတိုက် ၊ ကျောင်းထိုင်ဆရာတော်ဘုရားကြီးထံ သက်န်းလှူဖွယ်နှင့် ကျောင်းဆောင်တည်ဆောက်မှုအတွက် အလှူငွေများ ၊ ကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများ သုံးစွဲရန် စာရေးစာအုပ်များကို လှူဒါန်းခဲ့ကြသည်။

ထိုအစီအစဉ်ကို တိုင်းရင်းဆေးပညာဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)တိုင်းဦးစီးဌာနမှူး ဆရာကြီးဦးတင့်လွင် ၊ ရန်ကုန်ခုတင်၁၀၀ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး ဆရာမကြီးဒေါ်မူမူချို  ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ) ၊ အတွင်းရေးမှူး ဆရာကြီးဦးဝင်းဇော် (အောင်ထိပ်တန်း) ၊တိုင်းအတွင်းရေးမှူး ဆရာကြီးဦးစိုးတင့်(မြစန္ဒာ) နှင့် တိုင်းရင်းဆေးမိသားစုများက စုပေါင်းဆောင်ရွက်ကြကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ