ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် (၁၆)ခုတင်ဆံ့ ပေါင်းတည် တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်နှင့် အထက်တန်းသူနာပြု ဒေါ်ကြည်ကြည်ဝေ တို့သည် ၇-၃-၂၀၃ ရက်နေ့တွင် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ လူနာ မ (၁၃) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။