the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေး ဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြပါသည်။

ကွင်းဆင်းဆေးကုသမှုကို တောင်ပိုင်းခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေနှင့်အတူ ခရမ်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် သန်လျင်မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း တောင်ပိုင်းခရိုင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးတို့နှင့်အတူ ၂၆.၂.၂၀၂၃ ရက်နေ့တွင် ခရမ်းမြို့နယ် အထက်ခမတ်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။

အဆိုပါ နေရာ၌ဟောပြောပွဲဆောင်ရွက်ရာတွင် ခရိုင်တိုင်းရင်းဆေးမှူးမှ ဒူးနာ၊ ခါးနာနှင့် အရိုးအဆစ်ရောဂါများ အကြောင်းနှင့် နေထိုင်နည်းစနစ်များကို ဒေသခံကျေးရွာသူကျေးရွာသား (၁၀၀) အား အသိပညာပေး ဟောပြော ပို့ချခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းဆေးဖြင့် ဒူးနာ ခါးနာ ကျီးပေါင်း သွေးတိုး ဆီးချို လေဖြတ်လေငန်း အာရုံကြော အားနည်းရောဂါတို့အား ကုသပေးခဲ့ရာ လူနာ ကျား(၂၈) မ(၇၂)ဦး စုစုပေါင်း (၁၀၀)ဦးတို့ အား အခမဲ့ ဆေးကုသပေးခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရွှေသိန်းမင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး အေးချမ်းစံတိုင်းရင်း​​​ ဆေးဝါးထုတ်လုပ်​ရေးတို့မှ တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်