ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၁၄ / ၂၀၁၇)
စာအမှတ်၊ တဆပ/ ဆဝမ/ ၂၀၁၇ ( ၇၆၈ )
ရက်စွဲ၊၂၀၁၇ ခုနှစ်၊ မတ် လ ၃ ရက်
အကြောင်းအရာ။ ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၇/၂၀၁၆)၏ ဆုံးဖြတ်ချက်(၁)နှင့်(၂) အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေး အဖွဲ့ အစည်းအဝေး(၇/၂၀၁၆)၏ ဆုံးဖြတ်ချက်(၁)အရ ခွင့်ပြုစာရင်း- (၈၆)စောင်နှင့် ဆုံးဖြတ်ချက်(၂) အရ ခွင့်ပြုစာရင်း (၇၀) စောင်၊ စုစုပေါင်း(၁၅၆) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှ စတင်၍ (၃)လ အတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်း တိုး) လက်မှတ်များကို ထုတ်ယူရန်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်))
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)
- ပြည်နယ်/ တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့
ဆက်လက်အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
- ရုံးလက်ခံ /မျှောစာတွဲ