ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၁၂ / ၂၀၁၇)
စာအမှတ်၊ တဆပ / ဆေးဝါး/၂၀၁၇ ( ၇၆၇ )
ရက်စွဲ၊၂၀၁၇ ခုနှစ်၊ မတ် လ ၃ ရက်
အကြောင်းအရာ။ ။ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၆) ၏ ဆုံးဖြတ်ချက်အရ ခွင့်မပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး/ အသစ်) စာရင်း ထုတ်ပြန်ကြော်ငြာခြင်း။
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) လျှောက်လွှာများ၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်) လျှောက်လွှာများ နှင့်ပတ်သက်၍ (၁၉-၈-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီအစည်းအဝေး (၂/၂၀၁၆)၏ ဆုံးဖြတ်ချက်အရ ခွင့်မပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) - ၁၂ စောင် နှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) - ၃ စောင် တို့ကို ပူးတွဲပါ စာရင်းအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ပြည်နယ်/ တိုင်းဒေသကြီးဦးစီးဌာနမှူးများ အားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့
ဆက်လက် အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
- ရုံးလက်ခံ /မျှောစာတွဲ