ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင် သည် (၉၊၂၊၂၀၂၃)ရက်နေ့နံနက်(၁၀)နာရီတွင် ဝိုင်းမော်မြို့အမက(၂) မုတ်လွှဲကျောင်း၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ရာသီတုပ်ကွေးအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ရာ ကျောင်းသား(၁၂၉)ဦး၊ ကျောင်းသူ(၁၂၄)ဦးအား အသိပညာပေးခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။