ဖြူးတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဒေါ်ဝင်းဝင်းအေး တို့သည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ရွာတန်းရှည် မူလွန်ကျောင်း၌ ကျောင်းသူ(၁၆)ဦး ကျောင်းသား (၁၄)ဦး ခန့်အား တိုင်းရင်းဆေးဖြင့်ဆေးကုသမှုပေးခဲ့ကြောင်းနှင့် အအေးမိ နှာစေးအဖျားရောဂါအကြောင်းနှင့် ဥတုပြောင်းတွင် ဖြစ်တတ်သောရောဂါများ အကြောင်းဟောပြောခဲ့ပြီး ကျောင်းသူ/ကျောင်းသား(၁၅၀) ခန့် အား ပညာပေးဟောပြောခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။