ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းတိုင်းရင်းဆေးကုဌာနမှ ဇီးကုန်းမြို့နယ် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို ၁-၂-၂၀၂၃ ရက်နေ့တွင် ဇီးကုန်ဘိုးဘွားရိပ်သာ၌ အဘိုး (၄) ဦး၊ အဘွား (၁၀) ဦး၊ ရှိသည့်အနက် သွေးတို းရောဂါအဘိုး (၁) ဦး အဘွား (၂) ဦး နှင့် အကြောရောဂါအဘိုး( ၂) ဦး စုစုပေါင်း( ၅) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။