ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁-၂-၂၀၂၃ ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဦးအောင်ညို ဦးဆောင်၍ ဇီးကုန်း ဘိုးဘွားရိပ်သာ၌ အဘိုး (၄) ဦး အဘွား (၁၀) ဦးရှိသည့်အနက် သွေးတိုးရောဂါ အဘိုး (၁) ဦး အဘွား (၂) ဦးနှင့် အကြောရောဂါအဘိုး (၂) ဦး စုစုပေါင်း (၅) ဦးအားတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ဆေးကုသခဲ့ပါကြောင်း သိရှိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။