ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၁၁ / ၂၀၁၇)
စာအမှတ်၊ တဆပ/ ဆဝမ/ ၂၀၁၇ ( ၆၃၉ )
ရက်စွဲ၊၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၆)၏ ဆုံးဖြတ်ချက်များအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်စာရင်း ထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေး အဖွဲ့ အစည်းအဝေး(၇/၂၀၁၆)၏ ဆုံးဖြတ်ချက်(၃)အရ လိုအပ်ချက်စာရင်း- (၆၂)စောင်နှင့် ဆုံးဖြတ် ချက်(၅) အရ လိုအပ်ချက်စာရင်း- (၆)စောင်၊ စုစုပေါင်း (၆၈)စောင်ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့မှ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန် အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ ပိုင်ရှင်(သို့မဟုတ်)ကြီးကြပ်သူမှ လက်မှတ်ရေးထိုးထားသော ပြင်ဆင်တင်ပြစာ၊ တံဆိပ်ပြင်ဆင်ရန်ရှိပါက ပြင်ဆင်ပြီးတံဆိပ်(၃)စုံနှင့်အတူ အခြားလိုအပ်ချက်များအား ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်))
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)
- ပြည်နယ်/ တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့
ဆက်လက်အကြောင်းကြားရန် ညွှန်ကြားချက်ဖြင့်)
- ရုံးလက်ခံ /မျှောစာတွဲ